謎解きはディナーのあとで
Nazotoki wa Dinner no Ato de
𝗧𝗵𝗲 𝗗𝗶𝗻𝗻𝗲𝗿 𝗧𝗮𝗯𝗹𝗲 𝗗𝗲𝘁𝗲𝗰𝘁𝗶𝘃𝗲
Studio : MADHOUSE
Genres: Comedy, Mystery
Kunitachi ရဲဌာနရဲ့ လူသစ်စုံထောက်ဖြစ်တဲ့ Hosho Reiko ရဲ့ တခြားမျက်နှာတစ်ခုကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နာမည်ကြီး Hosho Group စီးပွားရေးလုပ်ငန်းစုကြီးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ သခင်မလေးပါ။ သူ့အထက်က ရဲအရာရှိ Kyouichirou Kazamatsuri ကလည်း သူ့လိုပဲ Kazamatsuri မော်တော်ကားလုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ သခင်လေးတစ်ယောက်ပါပဲ။ Reiko က အလုပ်ကနေ ပြန်လာတိုင်း သူကြုံတွေ့ခဲ့ရတဲ့ အမှုတွေကို သူ့ရဲ့ Butler ဖြစ်တဲ့ Kageyama ကို ပြောပြလေ့ရှိပါတယ်။ တလွဲတွေစဉ်းစားတတ်တဲ့ Reiko ကိုလမ်းကြောင်းမှန်ပေါ်ရောက်လာအောင် လျှာစောင်းထက်ထက်နဲ့ အမြဲတမ်း လမ်းညွှန်ပေးတတ်တဲ့ Kageyama နဲ့ သခင်မလေး Reiko တို အတူတွဲပြီး အမှုတွေဖြေရှင်းတဲ့အခါ...
0 Comments