Tensei Kizoku, Kantei Skill de Nariagaru 『転生貴族、鑑定スキルで成り上がる』
As a Reincarnated Aristocrat, I'll Use My Appraisal Skill to Rise in the World
Genres : Adventure, Fantasy
Studios : Studio MOTHER

ဒီစီးရီးကို ဘာသာပြန်ဖိုအစီအစဉ် မရှိပေမဲ့ Ep-01 ကြည့်ပြီးတဲ့အချိန်မှာ ဒီ Slow Isekai စီးရီးလေးက လက်ရှိစိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေကြီးမှာ စိတ်ချမ်းစေနိုင်မယ်ထင်လို ဘာသာပြန်ပေးလိုက်ပါတယ်။ သာမာန်လခစားဝန်ထမ်းတစ်ယောက်ဟာ တစ်နေ့မှာ သေဆုံးသွားပြီး မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်ရဲ့သား Ars Louvent အဖြစ် ပြန်လည်မွေးဖွားလာပါတယ်။ သူက မှော်ပညာ (သို) ဓားပညာတွေမှာ မကျွမ်းကျင်ပေမဲ့ အခြားဘယ်သူမှ မပိုင်ဆိုင်နိုင်တဲ့ အကဲဖြတ်နိုင်တဲဲစွမ်းရည်(Kantei Skill) ကို ပိုင်ဆိုင်ထားပါတယ်။ ဒီစွမ်းရည်ကို သုံးရင် လူတစ်ဦးရဲ့ လက်ရှိ ခွန်အား၊ အလားအလာ ဘယ်လောက်ရှိလာနိင်တယ် ဆိုတာနဲ့ သူတိုရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ဘယ်နေရာမှာ သုံးရင်အဆင်ပြေတယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။
ဒီစွမ်းရည်ဟာ သူမွေးဖွားလာတဲ့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ အရမ်းအသုံးဝင်ပါတယ်။ လက်ရှိအစိုးရဟာ အကျင့်ပျက်ခြစားမှုတွေကြောင့် တော်လှန်ပုန်ကန်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့အတွက် Ars လည်း အရည်အချင်းရှိတဲ့သူတွေကို စုဆောင်းပြီး စစ်ပွဲအတွက်ပြင်ဆင်ရမယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ Ars တစ်ယောက် သူ့ရဲ့ Kantei စွမ်းရည်ကိုသုံးပြီး သူ့လက်အောက်ခံဖြစ်မဲ့လူတွေကို စတင်ပြီး စုတဲ့အခါမှာတော့....
🍁Ep-01 (Mega)
🍁Ep-01 (Mega)
🍁Ep-03 (Mega)
🍁Ep-04 (Mega)
0 Comments