Riding a unicorn | ユニコーンに乗って Unicorn 🦄 ni Notte (2022 ongoing)
နာမည်ကြီး မင်းသမီးလေး Nagano Mei က ခေါင်းဆောင်မင်းသမီးအနေနဲ့ပါ၀င်ထားပြီးတော့ ဟိုတလောကမှ အော်စကာဆုပေးပွဲတက်ထားတဲ့ နာမည်ကြီး မင်းသားကြီး Nishijima Hidetoshi က ဦးလေးကြီး Kotori အဖြစ်သရုပ်ဆောင်ထားပါတယ်။Dream Pony ပူးတွဲတည်ထောင်တဲ့သူအဖြစ် မင်းသားချော Sugino Yosuke တိုက သရုပ်ဆောင်ထားတာဖြစ်လို Romance စီးရီး၊ ရိုရိုလေးတွေ သဘောကျတဲ့သူတွေ အကြိုက်တွေ့ကြမှာပါ😍
Genre : Business Drama, Romance
အသက်ငယ်ပြီး ရည်မှန်းချက်ကြီးတဲ့ကောင်မလေး Narukawa Sana ဟာ "Dream Pony" ဆိုတဲ့ ပညာရေး အက်ပလီကေးရှင်း ကုမ္ပဏီရဲ့CEO ပါ။သူမရဲ့ အိပ်မက်ကတော့တစ်ကမ္ဘာလုံးကလူတွေ သာတူညီမျှ ပညာသင်ယူနိုင်တဲ့ Ph app တည်ထောင်ဖိုပါ။အလုပ်အပေါ်မှာပဲ စိတ်နှစ်ထားခဲ့တဲ့အတွက် အချစ်အတွက် အချိန်မရှိခဲ့ပါဘူး။သူမရဲ့ ကုမ္ပဏီကို ၀န်ထမ်းသစ်အနေနဲ့ရောက်လာတာကတော့ အသက် 40 ကျော် ဦးလေးကြီး Satoshi Kotori ပါ။တဖက်မှာလဲ Sanaနဲ့ ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တဲ့ ငယ်ရွယ်ပြီးချမ်းသာတဲ့ ကောင်လေး Suzaki Ko ကလည်း Sana ကို တိတ်တခိုးချစ်နေပါတယ်။ဒီလိုနဲ့ သူတို 3ယောက်ရဲ့ 3ပွင့်ဆိုင်အချစ်ဟာ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ...
0 Comments